Local News

မန္တလေးကုန်စည်ဒိုင်သို့ ပြောင်းဖူးစေ့အသစ်များ ဝင်ရောက်ပြီးအရောင်းသွက်နေ

Last Updated:

အောက်တိုဘာလဒုတိယပတ်မန္တလေးကုန်စည်ဒိုင်သို့ရှမ်းပြည်နယ်မြောက်ပိုင်းပြောင်းဖူးစေ့ စိုက်ပျိုးရာဒေသများနှင့် မန္တလေးအနီးတဝိုက်မတ္တရာ၊စဉ့်ကူးဘက်မှပြောင်းဖူးစေ့အသစ်များဝင် ရောက်နေပြီးဈေးကွက်အဝယ်လိုက်ခြင်း ကြောင့်အရောင်းအဝယ်သွက်နေကြောင်း၅၄ပိဿာ ဝင်သုံးတင်းတစ်အိတ်လျှင်ယခင်တစ်ပတ်ထက်ကျပ် ၁၅၀၀မှ ၆၀၀၀ထိမြင့်တက်လာကြောင်းသိရသည်။ရှမ်းပြောင်းဖူးစေ့၅၄ပိဿာဝင်သုံးတင်းတစ်အိတ်ဈေးနှုန်းမှာတစ်အိတ်လျှင်ယခုတစ် ပတ်ကျပ်၅၁၀၀၀မှ၅၄၀၀၀ယခင် တစ်ပတ်ကျပ်၄၈၀၀၀မှ၄၉၀၀၀၊ယခင်လကျပ်၅၁၅၀၀မှ ၅၂၅၀၀ဖြစ်သည်။သုံးတင်းတစ်အိတ်လျှင် ယခင်တစ်ပတ်ထက် ကျပ်၂၀၀၀မှ၆၀၀၀မြင့်တက် လာပြီး၊ယခင်လထက်ကျပ်၁၅၀၀နိမ့်ကျလာ၍၂၅၀၀မြင့် တက်လာသည်စီပီပြောင်း ၅၄ပိဿာဝင်သုံးတင်းတစ်အိတ်ဈေးနှုန်းမှာယခုတစ်ပတ်ကျပ်၅၀၅၀၀မှ၅၄၀၀၀၊ယခင်တစ်ပတ်ကျပ် ၄၈၀၀၀မှ၄၉၀၀၀၊ယခင်လကျပ်၅၁၅၀၀မှ၅၂၀၀၀ဖြစ်သည်။သုံးတင်းတစ်အိတ်လျှင်ယခင်တစ် ပတ်ထက်ကျပ်၁၅၀၀မှ၆၀၀၀ မြင့်တက် လာပြီး၊ ယခင်လထက်ကျပ်၁၅၀၀နိမ့်ကျလာ၍၂၅၀မြင့် တက်လာသည်။ဗမာပြောင်းဖူးစေ့၅၄ပိဿာဝင်သုံးတင်းတစ်အိတ်ဈေးနှုန်းမှာယခုတစ်ပတ် ကျပ်၄၉၀၀၀မှ၅၀၀၀၀၊ယခင်တစ်ပတ်ထက် ကျပ်၄၇၀၀၀မှ၄၈၀၀၀၊ယခင်လကျပ်၅၀၀၀၀မှ ၅၀၅၀၀ဖြစ်သည် သုံးတင်းတစ်အိတ်လျှင်ယခင်တစ်ပတ်ထက် ကျပ်၂၀၀၀ မြင့်တက်လာပြီး၊ ယခင်လထက်ကျပ်၅၀၀မှ၁၀၀၀နိမ့်ကျလာသည်။

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

Category: Local News